ကမ္ဘောဒီးယားက အန္တရာယ်များတဲ့ အုတ်လုပ်ငန်း

ကမ္ဘောဒီးယားက အန္တရာယ်များတဲ့ အုတ်လုပ်ငန်း

အရှေ့တောင် အာရှဒေသက လုပ်သား ထောင်ပေါင်းများစွာဟာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတဲ့ အကြောင်း ယူကေက သုတေသနဌာနတခုက ပြောပါတယ်။ ကမ္ဘောဒီးယား နိုင်ငံက အုတ်ဖိုတွေနဲ့ အထည်ချုပ် လုပ်ငန်းတွေမှာ လေ့လာခဲ့ရာမှာ ရာသီဥတု ပြောင်းလဲမှုကြောင့် ပူတဲ့ နိုင်ငံတွေက လုပ်သားတွေအတွက် အတော်အန္တရာယ် ဖြစ်နေပြီ ဆိုတာကို တွေ့ရပါတယ်။ ငွေကုန်ကြေးကျ သက်သာစေဖို့ အတွက် Disney, Clarks နဲ့ H&M တို့အပါအဝင် နိုင်ငံတကာက ဖက်ရှင်လုပ်ငန်းတွေအတွက် ချုပ်လုပ်နေတဲ့ စက်ရုံတွေက ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အဲဒီ အုတ်ဖိုတွေမှာ လောင်စာအဖြစ် သုံးနေတာ ဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘောဒီးယားက အုတ်ဖိုတွေက လုပ်ငန်းခွင် အခြေအနေတွေက အဆိပ်အတောက် ဖြစ်စေတာကိုလည်း ဘီဘီစီက တွေ့ရှိခဲ့ရပါတယ်။ လော်ရာဘစ်ကာရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။