လက်ဘနွန်ထဲ အစ္စရေး မြေပြင်ထိုးစစ်စတင်

လက်ဘနွန်ထဲ အစ္စရေး မြေပြင်ထိုးစစ်စတင်

အစ္စရေးက လက်ဘနွန်ထဲကို မြေပြင်ထိုးစစ် စတင်ပြီလို့ ပြောပါတယ်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ တွေက လက်ဘနွန် တောင်ပိုင်းမှာ သူတို့ အခေါ်အရ ဒေသအလိုက် ပစ်မှတ်တွေကို အကန့်အသတ်နဲ့ မြေပြင်ထိုးစစ် ဆင်နေပြီ ဖြစ်ကြောင်းနဲ့ ဟစ်ဇ်ဘိုလာနဲ့ တိုက်ပွဲတွေ ပြင်းထန်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အမေရိကန် အပါအဝင် နိုင်ငံ အချို့က အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟစ်ဇ်ဘိုလာကတော့ သူတို့ လက်ဘနွန် နယ်နမိတ်ထဲ ဘယ် အစ္စရေး တပ်ဖွဲ့မှ ဝင်ရောက်လာတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။ ဘီဘီစီ သတင်းထောက် ချီချီ အစ်ဇွန်ဒူ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။