အမေရိကန်ရွေးကောက်ပွဲအပေါ် ရုရှားရဲ့အမြင်
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်ကနေ ထွက်ခွာခဲ့ပြီးကတည်းက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ၇ ခါလောက် သူဖုန်းပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို အတည်ပြုတာမျိုး ဒါမှမဟုတ် ငြင်းဆိုတာမျိုးလုပ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ငြင်းဆန်ခဲ့ပါတယ်။ ဒီစွပ်စွဲမှုတွေဟာ အမေရိကန်သတင်းထောက် ဘော့ဘ် ဝတ်ဒ်ဝါ့ဒ်ရဲ့ စာအုပ်သစ်ထဲမှာ ဖော်ပြထားတာပါ။ ထရမ့်က ပူတင်နဲ့ ဆက်ဆံရေး ကောင်းမွန်တယ်ဆိုပြီး မဲဆွယ်စည်းရုံးပွဲတွေမှာ ကြွားလုံးထုတ်ခဲ့ပါတယ်။ သူ့ပြိုင်ဘက် ကာမလာ ဟဲရစ်ကတော့ ပူတင်ဟာ လူသတ်သမား အာဏာရှင် တစ်ဦးဖြစ်တယ်လို့ ဖော်ညွှန်း ပြောခဲ့ပါတယ်။ ဒီတော့ မကြာခင်ရက်ပိုင်းမှာ ကျင်းပတော့မယ့် အမေရိကန် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရုရှားမှာ ဘယ်လို ယူဆ ပြောဆိုနေကြပါလဲ။ မော်စကိုမြို့ကနေ ရုရှားရေးရာ ဘီဘီစီ အယ်ဒီတာ စတိဗ် ရိုဆဲန်းဘာ့ဂ် သတင်းပေးပို့ထားတာကို ကိုမိုးမြင့်က ပြောပြမှာပါ။



