ဒီရက်ပိုင်း အင်တာနက် မကောင်းတာ ဘာကြောင့်လဲ
ဒီရက်ပိုင်း အင်တာနက် မကောင်းတာ ဘာကြောင့်လဲ
ရန်ကုန်မြို့အပါအဝင် ဒေသအများစုမှာ အခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းတွေ ပြတ်တောက်တာ၊ ဆိုးဆိုးရွားရွား နှေးကွေးတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအပေါ် အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတချို့က တောင်းပန် အသိပေးစာတွေ ထုတ်ပြန်ထားကြပါတယ်။ အင်တာနက် ပြတ်တောက်ချိန်ဟာလည်း ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကာလနဲ့အတူ ဖြစ်ပေါ်နေတဲ့အတွက် အွန်လိုင်းကမ်ပိန်းတွေနဲ့ လှုံ့ဆော်မှုတွေမလုပ်နိုင်အောင် အင်တာနက်လိုင်းတွေကို လျှော့ချထားတာမျိုးဖြစ်နိုင်တယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိကြပါတယ်။ ဒီအကြောင်း ကိုမိုးမြင့်က ပြောပြပေးပါမယ်။



