ရွေးကောက်ပွဲတွေနဲ့ အေအိုင်အပေါ် စိုးရိမ်မှု
ရွေးကောက်ပွဲတွေနဲ့ အေအိုင်အပေါ် စိုးရိမ်မှု
ဒီနှစ် ၂၀၂၄ ထဲမှာ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတော်တော် များများမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိပါတယ်။ တဖက်မှာလည်း အေအိုင် ဉာဏ်တုနဲ့ deepfakes တွေကို သုံးပြီး သတင်းမှားတွေ ဖြန့်လာကြမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ တကယ်တော့ ဒီကိစ္စတွေက မနှစ်ကတည်းက စနေပြီ ဖြစ်ပါတယ်။ အေအိုင်နဲ့ လုပ်ထားတဲ့ လန်ဒန်မြို့တော်ဝန် ဆဒိခန်းရဲ့ အသံကလစ်ပ်ကို အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး တကယ့်အပြင်မှာ ဆန္ဒပြတာတွေအထိတောင် ဖြစ်သွားခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် မာရီယားနား စပရိန်းရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။



