ရခိုင်ကို လာစစ်ဆေးဖို့ ကုလကို အေအေ ဖိတ်ခေါ်

ရခိုင်ကို လာစစ်ဆေးဖို့ ကုလကို အေအေ ဖိတ်ခေါ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာမှာ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က တိုက်ပွဲအတွင်း ရိုဟင်ဂျာ ရာနဲ့ချီကို အာရက္ခတပ်တော် (AA) က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ အေအေ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပြီး အခင်းဖြစ်တဲ့နေရာအထိ လာရောက်စစ်ဆေးဖို့ပါ အေအေဘက်က ဖိတ်ခေါ်ထားကြောင်း ကုလသမဂ္ဂကိုတင်သွင်းမယ့် အထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာ ဖော်ပြထားပါတယ်။ အေအေထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲ လာရောက်စုံစမ်းစစ်ဆေးဖို့တာ ဖြစ်နိုင်ခြေရှိရဲ့လား။ ဒီအကြောင်း ကိုရင်မောင်က ပြောပြပါမယ်။