စစ်မှုထမ်းဖို့ ရှမ်းပြည်နယ်မှာ RCSS ထုတ်ပြန်ကြေညာ

ဗီဒီယို ပုံစာ, ရှမ်းပြည်နယ် အတွင်း စစ်မှုထမ်းဖို့ RCSS ထုတ်ပြန်ကြေညာ
စစ်မှုထမ်းဖို့ ရှမ်းပြည်နယ်မှာ RCSS ထုတ်ပြန်ကြေညာ

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်းမှာဘဲ ရှမ်းပြည်နယ်အတွင်းမှာနေထိုင်တဲ့ဒေသခံပြည်သူ မည်သူမဆို အသက် ၁၈ ကနေ ၄၅ နှစ်အတွင်း ကျား၊ မအားလုံး ၆ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ ( RCSS) က တရားဝင် ထုတ်ပြန်လာပါတယ်။ အခုလို အရွယ်ရောက်တဲ့ သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ ရှမ်းလူထု အပါအဝင် လူငယ်လူရွယ်တွေရဲ့ အနာဂတ်အပေါ် ဘယ်လို သက်ရောက်နိုင်ပါသလဲ။ အပြည့်အစုံကို ကိုဝေဖြိုးက ပြောပြပေးသွားမှာပါ။