ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုဟင်ဂျာတွေ ရိက္ခာထောက်ပံ့မှု ထက်ဝက် ဖြတ်တောက်ခံရ
ရိုဟင်ဂျာတွေ ရိက္ခာထောက်ပံ့မှု ထက်ဝက် ဖြတ်တောက်ခံရ
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပေးနေတဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ထက်ဝက် လျှော့ချလိုက်ပြီး လူတစ်ယောက်ကို တစ်လစာ ၆ ဒေါ်လာ သာ ပေးတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ဒုက္ခသည် စခန်းတွေအတွက် ရန်ပုံငွေ ထက်ဝက်နီးပါးကို ထောက်ပံ့ပေးနေတဲ့ အမေရိကန်က သူ့ရဲ့ အကူအညီတွေကို ဖြတ်တောက်လိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်း နီးပါး ရှိမယ်လို့ ခန့်မှန်းထားပြီး သူတို့အတွက် အငတ်ဘေးကျရောက်မှာ စိုးရိမ်နေကြပါတယ်။ ဘီဘီစီ သတင်းထောက် ဆမီရာ ဟူစိန် ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။