ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်ဖြူအနီး တိုက်ပွဲပြင်းထန်
ကျောက်ဖြူအနီး တိုက်ပွဲပြင်းထန်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက တရုတ်စီမံကိန်းဧရိယာအပြင်ဘက်နေရာတွေမှာ အခုလ အတွင်း တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ အေအေနဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေကပြောပါတယ်။ နှစ်နဲ့ချီ အေအေထိန်းချုပ်ထားတဲ့ စခန်းတချို့ကို စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာလို့ ဆိုပါတယ်။ အေအေထိန်းချုပ်ခဲ့တဲ့ မင်းပြင်အနီးဝန်းကျင်၊ သိုင်းချောင်းနဲ့ ချောင်းဝကျေးရွာအပါအဝင် နေရာအချို့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ကိုသူရက ပြောပြပေးပါမယ်။