မလေးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံ

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံ

၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက် ဟာဆန်ဟာ မြန်မာနိုင်ငံကို အလုပ်သဘောအနေနဲ့ ဒီနေ့ နေ့ချင်းပြန် လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ခဲ့ပါတယ်။ မြန်မာ နိုင်ငံရေးအတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်နိုင်ရေးနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့၊ အကြမ်းဖက် တိုက်ခိုက်မှုတွေလျှော့ချဖို့နဲ့ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်ကနေ မြန်မာ့အရေးအတွက် ဘာတွေ ထူးခြားမှုရှိလာနိုင်မလဲ။ ဒီအကြောင်း ကိုမောင်က ပြောပြပေးမှာပါ။