ဆွစ်ဇာလန် နှင်းလျှောစီး စခန်းက မီးလောင်မှု လူအများ အပြား သေဆုံးခဲ့ရ

ဗီဒီယို ပုံစာ, ဆွစ်ဇာလန် နှင်းလျှောစီး စခန်းက မီးလောင်မှု လူအများ အပြား သေဆုံးခဲ့ရ
ဆွစ်ဇာလန် နှင်းလျှောစီး စခန်းက မီးလောင်မှု လူအများ အပြား သေဆုံးခဲ့ရ

ဆွစ်ဇာလန် နိုင်ငံမှာရှိတဲ့ နှင်းလျှောစီးစခန်း ခရန် မွန်တာနာက ဘားတစ်ခုမှာ မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၄၀ ထက် မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ နှစ်သစ်ကူးတဲ့နေ့မှာ လူစည်းကားတဲ့ ဘားထဲမှာ မီးလောင်မှုဟာ စက္ကန့်ပိုင်းအတွင်း ပျံ့နှံ့သွားခဲ့တာကြောင့် အသက်ဘေးက လွတ်မြောက်ဖို့ အချိန် အနည်းငယ်သာ ရခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဘီဘီစီ သတင်းထောက် ဝဲလ် ဗာနွန် ပေးပို့ထားတဲ့ သတင်းကို ကိုဇေယျာက ပြောပြမှာပါ။