သီပေါကို စစ်တပ် ပြန်ထိန်းချုပ်နိုင်တာ ဘာကြောင့်လဲ

သီပေါကို စစ်တပ် ပြန်ထိန်းချုပ်နိုင်တာ ဘာကြောင့်လဲ

တအားန်တပ် TNLA တစ်နှစ်ကျော်နီးပါး ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့ကို စစ်တပ်က အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြန်ထိန်းချုပ်ခဲ့ပါတယ်။ TNLA တပ်ဖွဲ့တွေကတော့ ဒီနေ့ မြို့ကနေ ပြန်ဆုတ်ခွာသွားပြီးမြို့ပြင်မှာ နေရာယူထားတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။ TNLA အနေနဲ့ ဘာကြောင့် သီပေါမြို့ကနေ ပြန်ဆုတ်ခွာရတာပါလဲ။ ကိုဝေဖြိုးက ပြောပြပေးမှာပါ။