အမေရိကန် နဲ့ ဗြိတိန် ခေါင်းဆောင်တွေ ယူကရိန်း အရေးဆွေးနွေး

ဗီဒီယို ပုံစာ, အမေရိကန် နဲ့ ဗြိတိန် ခေါင်းဆောင်တွေ ယူကရိန်း အရေးဆွေးနွေး
အမေရိကန် နဲ့ ဗြိတိန် ခေါင်းဆောင်တွေ ယူကရိန်း အရေးဆွေးနွေး

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ တွေ့ဆုံဖို့ ပြင်သစ် သမ္မတ၊ ဗြိတိန် ဝန်ကြီးချုပ်တို့ဟာ ဝါရှင်တန်ကို သွားရောက်ခဲ့ကြသလို၊ အခုဆိုရင် ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇယ်စလန်းစကီးဟာလည်း အိမ်ဖြူတော်ကို သွားရောက်ပြီး ယူကရိန်း အနာဂတ် အတွက် အရေးပါတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ ရှိနေပါတယ်။ ယူကရိန်းရဲ့ မြေရှား သတ္တုတူးဖော်ရေး ကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား သဘောတူ စာချုပ် ချုပ်ဆိုမယ်လို့လည်း ခန့်မှန်းထားကြသလို၊ ရုရှား ကျူးကျော်မှုကို ဘယ်လို အဆုံးသတ်မလဲဆိုတာကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။ ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရေးကို အကောင်အထည် ဖော်ဖို့ ဆိုရင် ယူကရိန်းကို အမေရိကန်က လုံခြုံရေး အာမခံချက် ပေးဖို့ မစ္စတာ ဇယ်လန်းစကီးက မျှော်လင့်နေပါတယ်။ မနေ့က ဗြိတိန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ မစ္စတာ ထရမ့်က က ယူကရိန်းသမ္မတကို အာဏာရှင် လို့ ရည်ညွှန်းပြောဆိုခဲ့တဲ့ သူ့ရဲ့ မှတ်ချက် စကားတွေကိုလည်း ပြန်လည် ဖြေကြားမှုတွေ လုပ်ခဲ့ပါတယ်။ ဘီဘီစီ နိုင်ငံရေး သတင်း အယ်ဒီတာ ခရစ် မေဆန်ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။