တောင်ကိုရီးယား သမ္မတ ဖမ်းဆီးရေး ဆိုင်းငံ့

တောင်ကိုရီးယား သမ္မတ ဖမ်းဆီးရေး ဆိုင်းငံ့

တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ လက မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတ ယွန်း ဆက် ယိုကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုကို သမ္မတ ကိုယ်ရံတော်တွေက ငြင်းဆန်နေတဲ့ အတွက် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့တွေက ဖမ်းဆီးမှုကို ဆိုင်းငံ့လိုက်ပါတယ်။ အခုချိန် အထိ သမ္မတဟာ စုံစမ်း စစ်ဆေးမှုတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းဆန်နေပါတယ်။ စုံစမ်း စစ်ဆေးရေးမှူးတွေဟာ သမ္မတ အိမ်တော်ဝန်းထဲ အထိ ဝင်ရောက် နိုင်ခဲ့ပေမဲ့ သမ္မတ လုံခြုံရေး အဖွဲ့ဝင် ၂၀၀ လောက်က အိမ်တော်ထဲ မဝင်နိုင်အောင် တားဆီး ပိတ်ပင်မှုတွေ လုပ်ခဲ့ကြပါတယ်။ သမ္မတကို ဖမ်းဆီးဖို့ ဝရမ်း အမိန့်ကို မလိုက်နာဘဲ ငြင်းဆန်တဲ့ လုပ်ရပ်ဟာ ဝမ်းနည်းဖွယ် ကောင်းပြီး သူတို့ အနေနဲ့ နောက်တဆင့် ဘာလုပ်မလဲ ဆိုတာကို စဉ်းစားနေတယ်လို့ စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောပါတယ်။ ဘီဘီစီသတင်းထောက် ဂျင်း မက္ကင်ဇီရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြပေးမှာပါ။