ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝါရှင်တန် ပစ်ခတ်မှုပြီးနောက် အာဖဂန်နစ္စတန် ရွှေ့ပြောင်းရေး အစီအစဉ် ရပ်တန့်
ဝါရှင်တန် ပစ်ခတ်မှုပြီးနောက် အာဖဂန်နစ္စတန် ရွှေ့ပြောင်းရေး အစီအစဉ် ရပ်တန့်
အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့မှာ အမျိုးသား လုံခြုံရေး အရံတပ်ဖွဲ့ဝင် ၂ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ပြီးတဲ့နောက်မှာ အာဖဂန်နစ္စတန် နိုင်ငံသားတွေရဲ့ ပြောင်းရွှေ့ နေထိုင်မှု စိစစ်ရေး လုပ်ငန်းစဉ်တွေကို အချိန် အကန့်အသတ် မရှိ ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း ပြည်တွင်း လုံခြုံရေး ဌာနက ပြောကြားပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သံသယ ရှိသူဟာ ၂၀၂၁ မှာ အမေရိကန်ကို ရောက်လာတဲ့ အာဖဂန်နစ္စတန် အမျိုးသား တစ်ယောက် ဖြစ်ကြောင်း သမ္မတ ဒေါ်ထရမ့်က ပြောကြားပါတယ်။ ဘီဘီစီ သတင်းထောက် ရှောင် ဒီလေးရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။