အိန္ဒိယက သက်ကြီးခရီးသွား လုပ်ငန်း

အိန္ဒိယက သက်ကြီးခရီးသွား လုပ်ငန်း

အိန္ဒိယ နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံဖြစ်သလို လူငယ်အများဆုံး ရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ တဖက်မှာလည်း တိုင်းပြည်ရဲ့ သက်ကြီး ဦးရေက အရှိန်အဟုန်နဲ့ တိုးလာနေတယ်လို့ ဆိုပါတယ်။ လာမယ့် ၂၀၅၀ မှာ အသက် ၆၀ နဲ့ အထက် လူဦးရေဟာ သန်း ၃၅၀ အထိရောက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီလို သက်ကြီး ဦးရေ တိုးလာခြင်းရဲ့ နောက်မှ စိန်ခေါ်မှုတွေ ရှိနေပေမယ့် တဖက်မှာလည်း စီးပွားရေး အကျိုးအမြတ်ရဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေ လုပ်ငန်းတွေလည်း ရှိနေပါတယ်။ ဘီဘီစီ သတင်းထောက် အရုဏ်နိုဒေ မူခါဂျီရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။