ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်-မြောက် ဗီယက်နမ် ပေါင်းစည်းရေး နှစ် ၅၀ ပြည့်
တောင်-မြောက် ဗီယက်နမ် ပေါင်းစည်းရေး နှစ် ၅၀ ပြည့်
လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက မြောက်ဗီယက်နမ်ရဲ့ တင့်ကားတွေဟာ ဆိုင်ဂုံမြို့ထဲကို ဝင်ရောက်လာပြီး အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ တောင်ဗီယက်နမ် အစိုးရကို ဖြုတ်ချပြီး ဆယ်စုနှစ် ၂ ခုကျော် ကြာမြင့်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။ အခုတော့ ဟိုချီမင်းမြို့လို့ တရားဝင် အမည်ပြောင်းထားတဲ့ ဆိုင်ဂုံမှာ ပြန်လည် ပေါင်းစည်းရေးနေ့ အထိမ်းအမှတ် အဖြစ် စစ်ရေးပြပွဲတွေ လုပ်၊ မီးပန်းတွေ ဖောက်ပြီး အောင်ပွဲ ခံနေကြပါပြီ။ ဘီဘီစီ သတင်းထောက် ရူးပတ် ဝင်းဖီးဟေးလ် ပေးပို့ထားတဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။