မြန်မာပဋိပက္ခဒေသတွေက လူသားချင်းစာနာမှု အကူအညီအခက်အခဲ

မြန်မာပဋိပက္ခဒေသတွေက လူသားချင်းစာနာမှု အကူအညီအခက်အခဲ

စစ်တပ်အာဏာသိမ်းကာလ ၄ နှစ်ကျော်ရှိလာချိန် ပဋိပက္ခ ဖြစ်ပွားတဲ့ဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီတွေ ရရှိမှုဟာ ပိုပြီးကျပ်တည်းလာကြပါတယ်။ ဩဂုတ် ၁၉ ရက်ဟာ စစ်ပွဲတွေကြား၊ ဘေးအန္တရာယ်တွေကြားကနေ အကူအညီတွေပေးနေသူတွေအတွက် ဂုဏ်ပြုထားတဲ့ ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုနေ့ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက လူသားချင်းစာနာမှု အကူအညီတွေ လက်လှမ်းမီရရှိဖို့ ဘယ်လောက်ခက်ခဲလာပါသလဲ။ စိန်ခေါ်မှုတွေ ဘယ်လောက်ထိကြီးမားနေပါသလဲ။ အပြည့်အစုံကို ပြောပြပေးမှာပါ။