ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟားမတ်စ် လက်နက်စွန့်ဖို့ ဒေါ်နယ် ထရမ့် ပြောဆို
ဟားမတ်စ် လက်နက်စွန့်ဖို့ ဒေါ်နယ် ထရမ့် ပြောဆို
ဟားမတ်စ် အနေနဲ့ လက်နက်တွေကို မစွန့်လွှတ်ဘူး ဆိုရင် အမေရိကန် က ဖြိုခွင်းမှုတွေ လုပ်သွားမယ် ဆိုပြီး သမ္မတ ထရမ့်က ပြောကြားပါတယ်။ လက်ရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်စိတ် တစ်ပိုင်း အနေတဲ့ ဟားမတ်စ် ဘက်က လက်နက် စွန့်လွှတ်ဖို့ သူ့ကို ပြောကြားခဲ့တယ်လို့ မစ္စတာ ထရမ့်က အခိုင်အမာ ပြောဆိုပါတယ်။ ဘီဘီစီ သတင်းထောက် ဒေးဗစ် ဝီလီစ် ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။