NCA ၁၀ နှစ်ပြည့် လက်နက်ကိုင် မတောင်းဆိုဖို့ စစ်ခေါင်းဆောင် ဆို

ဗီဒီယို ပုံစာ, NCA ၁၀ နှစ်ပြည့် လက်နက်ကိုင် မတောင်းဆိုဖို့ စစ်ခေါင်းဆောင် ဆို
NCA ၁၀ နှစ်ပြည့် လက်နက်ကိုင် မတောင်းဆိုဖို့ စစ်ခေါင်းဆောင် ဆို

ဒီကနေ့ နေပြည်တော်မှာ လုပ်တဲ့ စစ်ကော်မရှင်ရဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ဆယ်နှစ်ပြည့် အခမ်းအနားမှာ လက်နက်ကိုင် တောင်းဆိုမှုတွေကို လက်မခံဘဲ လွှတ်တော်က တဆင့် နိုင်ငံရေး နည်းလမ်းနဲ့သာ တောင်းဆိုကြပါ ဆိုပြီး စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။ NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ကတော့ ဒီအခမ်းအနားကို တက်ရောက်ခြင်း မရှိသလို၊ စစ်တပ်ဦးဆောင်တဲ့ NCA လုပ်ငန်းစဉ်တွေဟာ နိုင်ငံရေး အကျပ်အတည်းကို ပိုမို ရှည်ကြာစေနိုင်ကြောင်း ပြောဆို ထားကြပါတယ်။ ဒီအကြောင်း ကိုမောင်က ပြောပြပေးမှာပါ။