မိုလ်ဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ တည်နေရာကို ခြေရာခံဖို့ တရုတ် ကုမ္ပဏီ ကူညီ

မိုလ်ဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ တည်နေရာကို ခြေရာခံဖို့ တရုတ် ကုမ္ပဏီ ကူညီ

မြန်မာ နိုင်ငံမှာ မိုလ်ဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ တည်နေရာတွေကို အချိန်နဲ့ တပြေးညီ ခြေရာခံ နိုင်ဖို့ တရုတ် နည်းပညာ ကုမ္ပဏီ ဂျီကျီး (GEEDGE) က ကူညီနေတယ်လို့ JUSTICE FOR MYANMAR အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လာပါတယ်။ အဲဒီ ကုမ္ပဏီဟာ တရုတ် အစိုးရ နဲ့ ချိတ်ဆက်မှု ရှိပြီး၊ မြန်မာ စစ်တပ်ဆီကို ရောင်းထားတဲ့ နည်းပညာ ဟာလည်း အရပ်သားတွေကို ခြေရာခံ နိုင်ဖို့ တရုတ်ရဲ့ အင်တာနက် ပိတ်ပင်ရေး GREAT FIREWALL စနစ် ပုံစံမျိုး ဖြစ်တယ်လို့လည်း သူတို့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း မရွှေပိုးနီက ပြောပြပေးမှာပါ။