ဂျပန်မှာ ဆန် အခက်အခဲ ပြဿနာ ကြုံနေရ

ဂျပန်မှာ ဆန် အခက်အခဲ ပြဿနာ ကြုံနေရ

ဂျပန်နိုင်ငံမှာ ဆန်အတွက် အရေးကြီး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆန်စျေးတွေတက်နေသလို၊ ဆန်စပါး ထုတ်လုပ်မှုကလည်း နည်းပါးနေပါတယ်။ ဒီအခြေအနေကြောင့် အစိုးရ ဝန်ကြီး တစ်ယောက်ဟာ အလုပ်ကနေ နုတ်ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။ ဂျပန် အစိုးရရဲ့ အရေးပေါ် ဆန်သိုလှောင်မှု မူဝါဒ နောက်ကွယ်မှာ ပြဿနာ အကြောင်းရင်း များစွာလည်း ရှိနေပါတယ်။ ဘီဘီစီ သတင်းထောက် ရှိုင်မာ ခါလီ ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးထားပါတယ်။