ယူကရိန်းရဲ့ ဓာတ်အားပေး စက်ရုံတွေ ပြန်လည် ပြင်ဆင်နေ

ယူကရိန်းရဲ့ ဓာတ်အားပေး စက်ရုံတွေ ပြန်လည် ပြင်ဆင်နေ

ယူကရိန်းကို ရုရှားဘက်က တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေရာမှာ ညပိုင်းကလည်း ဒရုန်း ၁၀၀ ကျော်သုံးပြီးတိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း ဒဏ်ရာ ရခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ယူကရိန်းရဲ့ စွမ်းအင်ပိုင်းဆိုင်ရာ အခြေအခံအဆောက်အအုံတွေကို ဒုံးကျည်တွေ ဒါဇင်နဲ့ချီပြီး တိုက်ခိုက်ခဲ့ပြီး နောက်တရက်မှာ အခုလို ထပ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ယူကရိန်း ပြည်သူ သန်းပေါင်းများစွာလည်း ဆောင်းဝင်လာချိန်မှာ လျှပ်စစ်ဓာတ်အား မသုံးစွဲနိုင်ဖြစ်နေပါတယ်။ ဘီဘီစီရဲ့ သံတမန်ရေးရာ သတင်းထောက် ပေါလ်အက်ဒမ်စ် က အဲဒီ ပျက်စီးသွားတဲ့ ဓာတ်အားပေး စက်ရုံတခုထဲကို သွားရောက် သတင်းယူခွင့် ရခဲ့ပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။