၂ နှစ်တာ စစ်ပွဲနဲ့ ဂါဇာထဲက သက်ရောက်မှု

၂ နှစ်တာ စစ်ပွဲနဲ့ ဂါဇာထဲက သက်ရောက်မှု

ဘီဘီစီ အနေနဲ့ တခြား သတင်းထောက်တွေနဲ့ အတူ အစ္စရေး စစ်တပ်ရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှု အောက်မှာ ဂါဇာထဲကို ဝင်ရောက်ခွင့် ရခဲ့ပါတယ်။ အရေးကြီးတဲ့ အချက်က အစ္စရေးဟာ ဘီဘီစီ အပါအဝင် နိုင်ငံတကာ သတင်းဌာနတွေကို ဂါဇာထဲမှာ လွတ်လပ်စွာ သတင်းယူခွင့် မပေးထားပါဘူး။ အခု သွားခဲ့တဲ့ ခရီးစဉ်ကလည်း အစ္စရေး တပ်တွေ ထိန်းချုပ်ထားတဲ့ နေရာ ဖြစ်ပြီး၊ တင်းတင်းကျပ်ကျပ် စီစဉ်ထားတဲ့ ခရီးစဉ် ဖြစ်တာကြောင့် ပါလက်စတိုင်းတွေရဲ့ နယ်မြေ ဒါမှမဟုတ် တခြား နေရာတွေကိုလည်း ဝင်ရောက်ခွင့် မရခဲ့ပါဘူး။ စစ်ဘက် ဆိုင်ရာ ဆင်ဆာ ဖြတ်တောက်မှု ဥပဒေ အရ ရိုက်ကူးထားတဲ့ ရုပ်သံတွေကို အစ္စရေး စစ်တပ်ကို ပြသခဲ့ရပါတယ်။ ဒါပေမဲ့ ဘီဘီစီအနေနဲ့ ကိုယ့်ရဲ့ သတင်းဖော်ပြမှုဆိုင်ရာ ကျင့်ဝတ် မူဝါဒကို စောင့်ထိန်းလျှက်ရှိပါတယ်။ ဂါဇာထဲက အခြေအနေကို ဘီဘီစီ သတင်းထောက် လူစီ ဝီလျံဆင် က သတင်းပေးပို့ထားတယ်။ မသီရိဇော်က ပြောပြပေးမှာပါ။