ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပေါက်တောကို အေအေထိန်းချုပ်၊ ရမ်းဗြဲမှာ တိုက်ပွဲ ပြင်းထန်
ပေါက်တောကို အေအေထိန်းချုပ်၊ ရမ်းဗြဲမှာ တိုက်ပွဲ ပြင်းထန်
ရက်ပေါင်း ၇၀ နီးပါး တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ပေါက်တောမြို့ကို အလုံးစုံ ထိန်းသိမ်းထားနိုင်ပြီ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ အလားတူ ရခိုင် တောင်ပိုင်းဒေသက ရမ်းဗြဲမြို့ပေါ်မှာလည်း စခန်းသိမ်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်း အင်အားသုံး တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ကိုဇေယျာထွန်းက ဆက်ပြီး ပြောပြပေးမှာပါ။