ဂါဇာ စစ်ပွဲ နောက်ဆုံး အခြေအနေ
ဂါဇာ စစ်ပွဲ နောက်ဆုံး အခြေအနေ
ဂါဇာထဲမှာ ဟားမက်စ်နဲ့ အစ္စရေးတို့ရဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာပဲ မနေ့ညက ဂါဇာ အလယ်ပိုင်းနဲ့ တောင်ပိုင်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ တောင်ပိုင်းက ရာဖာမြို့မှာ လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်းမှာ စစ်ဘေးရှောင် ၂၀ လောက် သေဆုံးခဲ့ရပြီး သေဆုံးသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ မကြာသေးခင်က ရာဖာမြို့ထဲကို သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ ရောက်လာကြတဲ့ အတွက်ကြောင့် အခြေအနေတွေ ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောကြားနေပါတယ်။ ဂါဇာထဲက နောက်ဆုံး အခြေအနေကိုလည်း ဂျေရုဆလင်မြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ရှိုင်မာ ခါလေးက သတင်းပေးပို့ထားပါတယ်။ မသီရိဇော်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်ရာ ပုံရိပ်တွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။



