ရခိုင်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ အခက်အခဲကြုံ

ရခိုင်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ အခက်အခဲကြုံ

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသတွင်းလမ်း ပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ခံထားရသလို လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေလည်း သွားလာလို့မရတဲ့အတွက် စစ်ရှောင်စခန်းတွေမှာ ပုံမှန်ထောက်ပံ့နေတဲ့ အထောက်အပံ့တွေမရရှိဘူးလို့ သိရပါတယ်။ အခုလို ရိက္ခာ ထောက်ပံ့မှုတွေ ရပ်ဆိုင်းနေသလို တဖက်မှာအလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းတွေလည်းမြင့်တက်နေတဲအတွက် စစ်ရှောင်စခန်းတွေမှာ စားသောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောဆိုကြပါတယ်။ ကိုမြင့်လွင်က ပြောပြမှာပါ။