အစ္စရေး စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂ သတိပေး
အစ္စရေး စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂ သတိပေး
အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း ဒေသမှာ ကြီးမားတဲ့ စစ်ဆင်ရေး ဖော်ဆောင်နေမှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က တောင်းဆိုလိုက်ပါတယ်။ အစ္စရေး ဘက်ကတော့ တူကာရမ်မြို့က ဗလီတစ်ခုထဲမှာ ပုန်းအောင်းနေတဲ့ ပါလက်စတိုင်း လက်နက်ကိုင်တွေကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်း တာဝန်ရှိသူတွေကတော့ အဲဒီမှာ လူ ၇ ယောက်ထက် မနည်း သေဆုံးခဲ့ရတယ်လို့ ပြောကြားနေပါတယ်။ ဘီဘီစီ သတင်းထောက် လူစီ ဝီလီယန်ဆင် ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။



