ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်း က မြန်မာ ဒုက္ခသည်တွေ အလုပ်လုပ်ခွင့် ရ
ထိုင်း က မြန်မာ ဒုက္ခသည်တွေ အလုပ်လုပ်ခွင့် ရ
ထိုင်း မြန်မာ နယ်စပ်မှာ နေထိုင်ကြတဲ့ မြန်မာ ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့် ပေးဖို့ ထိုင်း အစိုးရ အဖွဲ့ က သဘောတူ လိုက်ပါတယ်။ ဒါကြောင့် ထိုင်း နိုင်ငံ ရဲ့ ခရိုင် ၄ ခုက ဒုက္ခသည် စခန်း ၉ ခုမှာ နေထိုင်တဲ့ ဒုက္ခသည်တွေဟာ စခန်း ပြင်ပ ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ထိုင်း အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း ချီးကျူးပြောဆို ခဲ့ပါတယ်။ ဒီအကြောင်း မရွှေပိုးနီက ပြောပြပေးထားပါတယ်။