ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထီးချိုင့်တိုက်ပွဲမှာ AA နဲ့ KIA ပါ ပူးပေါင်းလာတယ်လို့ ဒေသကာကွယ်ရေးတွေပြော
ထီးချိုင့်တိုက်ပွဲမှာ AA နဲ့ KIA ပါ ပူးပေါင်းလာတယ်လို့ ဒေသကာကွယ်ရေးတွေပြော
စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့ကို သိမ်းယူနိုင်ဖို့ ရက္ခိုင့်တပ်တော် AA နဲ့ ကချင် လွတ်လပ်ရေးတပ် KIA တို့ဟာ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်နေတယ် ဆိုပြီး ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ လက်ရှိ ထီးချိုင့်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒီက အခြေအနေတွေ အကြောင်း မသီရိဇော် ပြောပြထားပါတယ်။