တရုတ်သဘောတူညီမှုနဲ့ လုပ်ခဲ့တဲ့ရွေးကောက်ပွဲလို့ ဆို
တရုတ်သဘောတူညီမှုနဲ့ လုပ်ခဲ့တဲ့ရွေးကောက်ပွဲလို့ ဆို
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ဖော်ဆောင်တယ်ဆိုတာ တရုတ် သမ္မတရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အကြားမှာ ထားရှိတဲ့ သဘောတူညီမှုဖြစ်တယ်လို့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျင်းက နေပြည်တော်မှာ မနေ့ကလုပ်တဲ့ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေရဲ့ တွေ့ရှိချက် ရှင်းလင်းပွဲအခမ်းအနားမှာ ပြောခဲ့ပါတယ်။ တရုတ်အခုလို ပြောကြားလာတာ ဘာကြောင့်ပါလဲ။ တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာက ဘယ်လိုသဘောထားရှိနိုင်လဲ။ ဒီအကြောင်း ကိုမောင် ပြောပြမှာပါ။



