တိုင်းရင်းသား အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်မယ်လို့ စစ်ခေါင်းဆောင်ပြော

တိုင်းရင်းသား အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်မယ်လို့ စစ်ခေါင်းဆောင်ပြော

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သြဂုတ်လကုန်ပိုင်းကစပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့ကို သွားရောက်ပြီး လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ရေး သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့် အကြောင်းတွေ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်‌ဆောင်ရွက်မယ့်အကြောင်းနဲ့ ကယားပြည်နယ်ကို ပုံမှန်အခြေအနေ အမြန်ဆုံး ရောက်ရှိအောင် ဆောင်ရွက်မယ်လို့ ‌ပြောဆိုခဲ့ပါတယ်။ ဒါတွေက မြေပြင်အခြေအနေနဲ့ ဘယ်လောက်အထိ နီးစပ်မှုရှိပါသလဲ။ မစန္ဒာက ပြောပြမှာပါ။