ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲ မပြိုင်ဖို့ တောင်းဆိုမှုတွေရှိနေ

ဗီဒီယို ပုံစာ, ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲ မပြိုင်ဖို့ တောင်းဆိုမှုတွေရှိနေ
ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲ မပြိုင်ဖို့ တောင်းဆိုမှုတွေရှိနေ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဝါရှင်တန်မှာ လုပ်တဲ့ နေတိုး အစည်းအဝေးမှာ နာမည်တွေ မှားယွင်း ခေါ်ဆိုခဲ့ပေမဲ့လည်း နိုဝင်ဘာမှာ လုပ်မယ့် ရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့်ကို ယှဉ်ပြိုင်ဖို့ အရည်အချင်းအရှိဆုံးသူ အဖြစ် ဆက်ရှိနေဆဲလို့ ပြောဆိုလိုက်ပါတယ်။ မစ္စတာ ဘိုင်ဒန်ဟာ နေတိုး အစည်းအဝေး နောက်ဆုံးညမှာ ယူကရိန်းသမ္မတကို သမ္မတ ပူတင် ဆိုပြီး မှားယွင်း ခေါ်ဝေါ်ခဲ့တာပါ။ နေတိုးအစည်းအဝေး အပြီးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း သူ့ရဲ့ ဒုတိယ သမ္မတ ကမ်မလာ ဟဲရစ်ကို ဒုတိယ သမ္မတ ထရမ့်လို့ မှားပြီး ခေါ်ဆိုခဲ့ပြန်ပါတယ်။ ဘီဘီစီ သတင်းထောက် ဆာရာ စမစ်ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။