ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားနဲ့ အမေရိကန် အကျဉ်းသား လဲလှယ်
ရုရှားနဲ့ အမေရိကန် အကျဉ်းသား လဲလှယ်
ရုရှား နဲ့ အမေရိကန် အပြန်အလှန် အကျဉ်းသား လဲလှယ်မှုအတွင်းမှာ အမေရိကန် ၃ ယောက် လွတ်မြောက်ပြီး အိမ်ပြန်ရောက်ခဲ့ကြပါပြီ။ တခြား အကျဉ်းသား ၂၆ ယောက်ကိုလည်း တူရကီနိုင်ငံမှာ လဲလှယ်ခဲ့ကြပါတယ်။ ဒီအကျဉ်းသား လဲလှယ်မှု သဘောတူညီမှုရဖို့ နိုင်ငံပေါင်း ၇ နိုင်ငံ ပါဝင် ပတ်သက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ သံတမန်ရေး အောင်မြင်မှု ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကြွေးကြော်ပါတယ်။ ရုရှား အကျဉ်းသား ၈ ယောက်လည်း လွတ်မြောက်ပြီး သမ္မတ ဗလာဒီမီယာ ပူတင်ကိုယ်တိုင် လာရောက်နုတ်ဆက်ခဲ့ပါတယ်။ ဘီဘီစီသတင်းထောက် ဝဲလ် ဂရန့်နဲ့ စတိဗ် ရိုဇင်ဘဂ်တို့ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။