ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ တချို့မြို့တွေမှာ တိုက်ပွဲ ပြင်းထန်
ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ တချို့မြို့တွေမှာ တိုက်ပွဲ ပြင်းထန်
ရခိုင်ပြည်နယ်အတွင်က စစ်တပ်အင်အားအကြီးဆုံးဖြစ်တဲ့ ဘူးသီးတောင်မြို့ကို အေအေဘက်က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တော်စစ်တွေကို တိုက်ပွဲတွေ ဦးတည်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသကတချို့မြို့တွေမှာလည်း တိုက်ပွဲတွေပြင်းထန်မှုတွေရှိနေပါတယ်။ ရခိုင်က စစ်ရေး အခြေအနေတွေကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။