သံတွဲ လေဆိပ်ကို အေအေ ထိန်းချုပ်

သံတွဲ လေဆိပ်ကို အေအေ ထိန်းချုပ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီ ကမ်းခြေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး၊ သံတွဲ လေဆိပ်ကို အာရက္ခတပ်တော် အေအေက ထိန်းချုပ်ထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် သံတွဲမြို့က စစ်ကောင်စီရဲ့ တပ်ရင်း ဌာနချုပ်တွေကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် နေတဲ့ အတွက် ဒီကနေ့ မွန်းလွဲပိုင်းအထိ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို၊ သံတွဲမြို့ပေါ်က နေရာတချို့ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သံတွဲက စစ်ရေး အခြေအနေကို မစန္ဒာဝင်းက ပြောပြပေးမှာပါ။