တောင်ကိုရီးယား သမ္မတ နုတ်ထွက်ဖို့ တောင်းဆိုနေကြ
တောင်ကိုရီးယား သမ္မတ နုတ်ထွက်ဖို့ တောင်းဆိုနေကြ
တောင်ကိုရီးယားနိုင်ငံမှာ မနေ့ညပိုင်းက ဖြစ်ခဲ့တဲ့ နိုင်ငံရေး လှုပ်ခတ်မှုတွေ ကြောင့် ကမ္ဘာတဝန်း အံ့အားသင့်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ အတိုက်အခံ နိုင်ငံရေး သမားတွေက သမ္မတ ယွန်ဆုခ်ယိုးလ်ကို ညပိုင်းက တခဏတာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာနဲ့ ပတ်သက်လို့ စွပ်စွဲပြစ်တင်တဲ့ အဆိုကို တင်သွင်းလိုက်ကြပြီ ဖြစ်ပါတယ်။ သမ္မတရုံးပြင်ပမှာလည်း ဆန္ဒပြသူတွေက သမ္မတကို တာဝန်ကနေ နုတ်ထွက်ပေးဖို့ အတွက် ချီတက် တောင်းဆို ဆန္ဒပြနေကြပါတယ်။ ဘီဘီစီ သတင်းထောက် ဂျွန်နဿန်ဟက်ဒ်က ညပိုင်းက ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပြောပြထားတာကို ကိုကျော်ဇေယျက ပြောပြမှာပါ။



