ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာမှာ အပစ်ရပ် စတင် သက်ဝင်
သမ္မတ ထရမ့်ရဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေး အစီအစဉ် ပထမ အဆင့်ကို အစ္စရေး အစိုးရက တရားဝင် အတည်ပြုပြီးနောက် ဟားမတ်စ် နဲ့ အပစ်ရပ်ရေး သဘောတူညီချက် စတင် သက်ဝင်ပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောကြားပါတယ်။ <အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပထမ အဆင့် အနေနဲ့ >လာမယ့် ရက်တွေမှာ အစ္စရေး ဓားစာခံ အားလုံးကို လွှတ်ပေးတာနဲ့ ပါလက်စတိုင်း အကျဉ်းသား ရာနဲ့ချီပြီး လွှတ်ပေးတာတွေကို တွေ့မြင်ရဖွယ် ရှိပါတယ်။ အစ္စရေး ဓားစာခံတွေ ထဲက သေဆုံးသွားတဲ့ သူရော၊ အသက်ရှင်ကျန်ရစ်တဲ့ လူတွေပါ ပြန်လွတ်မြောက်လာမယ့် အစီအစဉ်ကို အစိုးရက အတည်ပြုပြီးပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက X လူမှုကွန်ရက်မှာ ရေးသား ခဲ့ပါတယ်။ အစ္စရေး အစိုးရရဲ့ အစည်းအဝေးကို သမ္မတ ထရမ့်ရဲ့ သားမက် ဖြစ်သူ ဂျရတ် ကူရှနာရော၊ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်တို့ပါ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အခု အပစ်ရပ်ရေး သဘောတူညီချက် ပထမ အဆင့်ကြောင့် ပါလက်စတိုင်း အကျဉ်းသားတွေလည်း ပြန်လည် လွတ်မြောက်လာဖို့ ရှိနေပါတယ်။ ဘီဘီစီ သတင်းထောက် ဒေးဗစ် ဝီလီစ် ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးထားပါတယ်။