ကင်ဆာကလေးငယ်တွေကို အသုံးချပြီး ငွေလိမ်သူများ

ကင်ဆာကလေးငယ်တွေကို အသုံးချပြီး ငွေလိမ်သူများ

ကင်ဆာဝေဒနာသည် ကလေးသူငယ်တွေအပေါ် လိမ်လည် လှည့်ဖြား အမြတ်ထုတ်နေတဲ့ လူလိမ်အဖွဲ့တွေကို ဘီဘီစီရဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်တဲ့ သတင်းအဖွဲ့ BBC Eye က ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီ အဖွဲ့တွေက ပရဟိတ အမည်ခံပြီး အဲဒီ ဝေဒနာသည် ကလေးငယ်တွေရဲ့ ဗီဒီယိုတွေကို အွန်လိုင်းတင်ပြီး သူတို့အတွက် အလှူငွေတွေ ကောက်ခံတာ ဖြစ်ပါတယ်။ အဲဒီလို အဖြစ်မျိုးတွေနဲ့ ကြုံခဲ့ရတဲ့ မိသားစု ၉ စုက သူတို့ ကလေးတွေရဲ့ အမည်ကို သုံးပြီး ကောက်ခံ ရရှိခဲ့တဲ့ ဒေါ်လာ ၄ သန်းထဲက သူတို့ ဘာမှ မရတဲ့အကြောင်း ဘီဘီစီရဲ့ ကမ္ဘာတလွှား သတင်းဌာနကိုပြောပြခဲ့ပါတယ်။ ဆီမီ ဂျိုလိုဆိုရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။