ဂါဇာထဲကို ကူညီရေးပစ္စည်းတွေ ဂျော်ဒန်ပေးပို့

ဂါဇာထဲကို ကူညီရေးပစ္စည်းတွေ ဂျော်ဒန်ပေးပို့

ဂျော်ဒန်ကလည်း ရဟတ်ယာဉ်တွေနဲ့ ဂါဇာထဲမှာ ရှိနေတဲ့ လူ ၁ . ၉ သန်း အတွက် အရေးတကြီး လိုအပ်နေတဲ့ ဆေးဝါးတွေကို ပို့ဆောင်ပေးနေပါတယ်။ ဂါဇာမြောက်ပိုင်းကို ပါလက်စတိုင်း လူမျိုး သိန်းနဲ့ချီပြီး အိမ်ပြန်လာနေကြတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မနိုင်မနင်း ဖြစ်လို့နေပါတယ်။

ဘီဘီစီ သတင်းထောက် ဖာဂါလ် ကိန်း ကတော့ ဂါဇာထဲကို ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ပေးတဲ့ ဂျော်ဒန်လေတပ် ရဟတ်ယာဉ်နဲ့ အတူ လိုက်ပါပြီး သတင်းယူနိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ဂါဇာထဲကို အချိန်ကာလ ၁ နှစ်ကျော်အတွင်း ပထမဆုံး ဝင်ရောက်နိုင်တဲ့ နိုင်ငံတကာ သတင်းထောက် တယောက် ဖြစ်လာပါတယ်။ သူက အဲဒီထဲက အခြေအနေတွေက အတော် ထိတ်လန့် တုန်လှုပ်စရာ ကောင်းတယ်လို့ ဆိုပါတယ်။ ဖာဂါလ် ကိန်းပေးပို့ ထားတဲ့ သတင်းကို ကိုမင်းထက်က ဆက်ပြောပြမှာပါ။