အမေရိကန်က လေယာဉ်ပျက်ရဲ့ Black Box တွေ့ရှိ
အမေရိကန်က လေယာဉ်ပျက်ရဲ့ Black Box တွေ့ရှိ
အမေရိကန် ပြည်ထောင်စုက ဝါရှင်တန် ဒီစီ ပိုတောမက် မြစ်ပေါ်မှာ ဗုဒ္ဓဟူးနေ့က စစ်ရဟတ်ယာဉ်နဲ့ တိုက်မိပြီး ပျက်ကျခဲ့တဲ့ ခရီးသည်တင် လေယာဉ်က ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကို တွေ့ရှိခဲ့ကြပြ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူတွေက ဘာကြောင့် ဒီလို ဖြစ်ခဲ့ရသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေတွေ ကို လေ့လာနေကြတယ်လို့ ဆိုပါတယ်။ အဲဒီ လေယာဉ် မတော်တဆမှုမှာ လူ ၆၇ ဦး သေဆုံးခဲ့ရပါတယ်။ ဘီဘီစီ သတင်းထောက် မာလင်းတောမတ်စ်က အခုလို သတင်းပေးပို့ထားပါတယ်။



