လက်ဘနွန်မှာ အပစ်ရပ်ရေး မဟာမိတ်တွေ ကြိုးပမ်း

လက်ဘနွန်မှာ အပစ်ရပ်ရေး မဟာမိတ်တွေ ကြိုးပမ်း

ဟစ်ဇ်ဘိုလာ အဖွဲ့နဲ့ အစ္စရေးတို့ အကြား တိုက်ခိုက်မှုတွေ ပြင်းထန်လာပြီးတဲ့နောက် ယာယီ အပစ်အခတ် ရပ်စဲဖို့ အမေရိကန်၊ ယူကေနဲ့ ဥရောပ နိုင်ငံတွေက တောင်းဆိုနေပါတယ်။ သံတမန်ရေး နည်းလမ်းအရ ဖြေရှင်းနိုင်ဖို့အ တွက် ၂၁ ရက်ကြာ တိုက်ပွဲ ရပ်တန့်ဖို့ နဲ့ ဂါဇာမှာ လည်း အပစ်ရပ်ထားဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ သဘောထား တင်းမာတဲ့ အစ္စရေး နိုင်ငံရေး သမား တချို့ကတော့ ဒီတောင်းဆိုမှုကို ငြင်းပယ်ပါတယ်။ မနေ့ညကလည်း လက်ဘနွန်ထဲက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောကြားပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူ ၄ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။ ဘီဘီစီ သတင်းထောက် တွမ် ဘိတ်မန်းရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။