စီးပွားရေး ပြန်ဦးမော့ဖို့ တရုတ် ကြိုးစား

စီးပွားရေး ပြန်ဦးမော့ဖို့ တရုတ် ကြိုးစား

တရုတ်ဟာ နှစ်ပေါင်း ၂၀ အတွင်း အကြီးမားဆုံး စီးပွားရေး အကြပ်အတည်းတွေကို ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့ ကုန်ထုတ် စက်ရုံကြီးလို့တောင် တင်စားခဲ့ကြတဲ့ တရုတ်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် လော့ခ်ဒေါင်းချခဲ့တာနဲ့ ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုတွေရဲ့ ဒဏ်ကနေ နာလန်ထဖို့ ရုန်းကန်နေရပါတယ်။ တရုတ် သမ္မတ ရှီကျင်းပင်းကလည်း ဥရောပ ဈေးကွက်ကို တင်ပို့ဖို့ လျှပ်စစ်ကားတွေ၊ ဆိုလာပြားတွေနဲ့ လေရဟတ်တွေ ပိုထုတ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အနောက်နိုင်ငံတွေက ကုမ္ပဏီတွေက ဈေးပေါတဲ့ တရုတ်ထုတ်ပစ္စည်းတွေကြောင့် သူတို့ ရဲ့ လုပ်ငန်းတွေ နစ်နာမှာကို စိုးရိမ်နေကြတာတွေ ရှိပါတယ်။ ဘီဘီစီ သတင်းထောက် လော်ရာဘစ်ကာ တရုတ်ပြည် တောင်ပိုင်းက ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။