ဂါဇာအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ လာပြီ

ဂါဇာအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ လာပြီ

ဂါဇာကို ပင်လယ်ပိုင်းကနေ တဆင့် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပိုမို ပို့ပေးနိုင်ဖို့အတွက် အထူးဆိပ်ကမ်းတခု တည်ပေးဖို့ အမေရိကန်ရဲ့ ထောက်ပို့ သင်္ဘောတစင်းဟာ ဂါဇာမှာ အထူးဆိပ်ကမ်းတခု တည်ဆောက်ဖို့အတွက် အဲဒီကို ဦးတည်လာနေပြီ ဖြစ်ပါတယ်။ ဆိုက်ပရပ်စ်ကနေ ဂါဇာအတွက် မရှိမဖြစ် လိုအပ်တဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ သယ်လာမယ့် သင်္ဘောဟာလည်း နှောင့်နှေးမှု အနည်းငယ်ရှိခဲ့ပေမယ့် မကြာခင် ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီသင်္ဘောပေါ်မှာ ငတ်မွတ်မှုနဲ့ ရင်ဆိုင်ရတော့မယ့် ပါလက်စတိုင်း လူမျိုး ၅ သိန်းဝန်းကျင် အတွက် လိုအပ်နေတဲ့ လူမှုရေးအကူအညီပစ္စည်း တန်ချိန် ၂၀၀ လောက် ပါလာမှာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်း သတင်းထောက် ကွင်တင် ဆမ်းမားဗီးလ်ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။