ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတသက်တမ်းစတင်

ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတသက်တမ်းစတင်

အမေရိကန် သမ္မတ ထရမ့်ဟာ ဒုတိယအကြိမ် မြောက် သမ္မတ တာဝန် စတင်ထမ်းဆောင်ပြီ ဆိုတာနဲ့ သမ္မတအမိန့် ကြေညာစာပေါင်း များစွာကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ အိမ်ဖြူတော်ကို ဒုတိယအကြိမ် ခြေပြန်ချခဲ့ပြီးနောက် သမ္မတက အမေရိကန် နယ်စပ်မှာ အမျိုးသားအဆင့် အရေးပေါ် အခြေအနေ ကြုံနေရပြီလို့ ကြေညာခဲ့သလို ပါရီ ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ ၄ နှစ်က ကက်ပီတယ်အဆောက်အအုံကို စီးနင်းခဲ့ကြမှုနဲ့ အရေးယူခံထားရတဲ့ သူ့ကို ထောက်ခံသူပေါင်း ၁၅၀၀ ကျော်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးခဲ့ပါတယ်။ ဘီဘီစီသတင်းထောက် နော်မီယာ အစ်ခ်ဘားလ် ပေးပို့ထားတဲ့ သတင်းကိုမသီရိဇော်က ပြောပြမှာပါ။