ရွေးကောက်ပွဲ ဝင်ဖို့ စစ်ကောင်စီ ကြေညာချက် ၂၆ ပါတီအဖွဲ့ ထောက်ခံ
ရွေးကောက်ပွဲ ဝင်ဖို့ စစ်ကောင်စီ ကြေညာချက် ၂၆ ပါတီအဖွဲ့ ထောက်ခံ
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ ပူးပေါင်းပါဝင်ဖို့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အပေါ် နိုင်ငံရေးပါတီ ၂၆ ပါတီက ထောက်ခံကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ စစ်ကောင်စီရဲ့ မူဝါဒ ကြေညာချက်တွေအပေါ် ဒီ ၂၆ ပါတီက မကြာခဏထောက်ခံ ထုတ်ပြန်တာတွေ လုပ်လေ့ရှိပါတယ်။ အကြောင်းစုံကို ကိုထက်နိုင်ဇော်က ပြောပြပေးပါမယ်။



