ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေ့ပြောင်း အခြေချ အစီအစဉ် အမေရိကန် ရပ်ဆိုင်း
တတိယ နိုင်ငံတွေကနေ အမေရိကန် ကို ပြောင်းရွှေ့အခြေချ နေထိုင်တဲ့ အစီအစဉ်တွေ အားလုံးကို အပြီးတိုင် ရပ်ဆိုင်း ထားမယ်လို့ သမ္မတ ထရမ့်က ပြောကြားလိုက်ပါတယ်။ ဝါရှင်တန် ဒီစီမှာ သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတဲ့ အမျိုးသား အရန် တပ်ဖွဲ့ဝင် တစ်ယောက် သေဆုံးသွားခဲ့ပြီးနောက်မှာ သမ္မတက အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ သေနတ်သမားလို့ သံသယ ရှိသူဟာ အာဖဂန်နစ္စတန် နိုင်ငံသား တစ်ယောက် ဖြစ်ပါတယ်။ မစ္စတာ ထရမ့်ရဲ့ လူမှုကွန်ရက်က ရှည်လျားတဲ့ ပို့စ်မှာတော့ အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို ဝေဖန်ခဲ့ပြီး၊ ဒီမူဝါဒတွေဟာ အမေရိကန် နိုင်ငံသားတွေရဲ့ အကျိုးစီးပွားနဲ့ လူမှု အခြေအနေတွေကို များစွာ ဆိုးရွားစေတယ်လို့ ပြောဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က ဝါရှင်တန် ဒီစီ ပစ်ခတ်မှု အပြီးမှာ အာဖဂန်နစ္စတန် နိုင်ငံသားတွေ ရွှေ့ပြောင်း အခြေချ နေထိုင်မှု အတွက် စိစစ်ရေး လုပ်ငန်းစဉ်တွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ရပ်ဆိုင်းထားပါတယ်။ အမေရိကန် နိုင်ငံသား ပြုခွင့်နဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာဌာန ကလည်း အာဖနစ္စတန် နဲ့ တခြား နိုင်ငံပေါင်း ၁၈ နိုင်ငံက အမြဲတမ်း နေထိုင်ခွင့် ဂရင်းကတ် ကိုင်ဆောင်မှုတွေကို ပြန်လည် စစ်ဆေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘီဘီစီ သတင်းထောက် ရှောင် ဒီလေးရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။