စပါးဈေးတွေ ကျဆင်းနေလို့ ဆန်စပါး စိုက်ပျိုးသူတွေ အရှုံးပေါ်နေ

စပါးဈေးတွေ ကျဆင်းနေလို့ ဆန်စပါး စိုက်ပျိုးသူတွေ အရှုံးပေါ်နေ

လက်ရှိ စပါးဈေးကွက်မှာ တင်းတစ်ရာကို ကျပ်ဆယ်သိန်းဝန်းကျင်လောက်ထိ ဈေးကျသွားလို့ စပါးစိုက် တောင်သူတွေ အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆန်စပါး စိုက်ပျိုးသူတွေက ပြောပါတယ်။ နိုင်ငံတကာ ဈေးကွက် ကျဆင်းချိန်နဲ့ မြန်မာက ဆန်တင်ပို့နိုင်မှု လျော့ကျလာလို့ စပါးဈေးနူန်းတွေ ကျဆင်းနေတာလို့ ဆန် စပါးကုန်သည်တွေက ပြောပါတယ်။ အကြောင်းစုံကို တာရာက စုစည်း ပြောပြပါမယ်။