ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံတဝန်း ရေကြီးမှုတွေဖြစ်
မြန်မာနိုင်ငံတဝန်း ရေကြီးမှုတွေဖြစ်
မြန်မာ နိုင်ငံတဝန်းမြို့ ၁၀ ခုထက်မနည်း ရေကြီး ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး သေဆုံးသူ လူ ၂ ဒါဇင်နီးပါး ရှိနေပြီလို့ လောလောဆယ် သိထားရပါတယ်။ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က ကျေးရွာတွေမှာလည်း မနေ့ကစလို့ ရုတ်တရက် ရေကြီးလာတာကြောင့် အသက်လု ထွက်ပြေးကြရသလို ထွက်မပြေးနိုင်လို့ ပိတ်မိသူတွေ ရာနဲ့ချီ ရှိနေပါတယ်။ ရေကြီးလို့ သေဆုံးသူတွေအပြင် မြေပြိုမှုတွေကြောင့် သေဆုံးခဲ့သူတွေလည်း ရှိနေပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့အထိ ရေကြီး ရေနစ်မြုပ်မှု တွေ ဆက်ဖြစ်နေဦးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မသင်းသင်းနွယ်က ပြောပြမှာပါ။