ပစိဖိတ်သမုဒ္ဒရာအတွင်း အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်

ပစိဖိတ်သမုဒ္ဒရာအတွင်း အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ထရမ့်အစိုးရက ရုရှားနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ စလုပ်ခဲ့သလို ဥရောပကိုလည်း ကိုယ့်လုံခြုံရေးအတွက် ကိုယ့်အားကိုယ်ကိုးဖို့ ပြောခဲ့တာကြောင့် ဥရောပဘက်မှာ အံ့အားသင့်ခဲ့ကြရသလို အာရှပစိဖိတ်ဒေသက အမေရိကန်ရဲ့ မဟာမိတ်တွေလည်း သူတို့နဲ့ရော ရှေ့ဘာဆက်ဖြစ်မလဲဆိုတာ သိချင်နေကြပါတယ်။ အမေရိကန်ကတော့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ လုံခြုံရေးအတွက် ဒေသတွင်းမှာ အမေရိကန် တပ်ဖွဲ့ဝင် ထောင်သောင်းချီပြီး တပ်စွဲထားဆဲဖြစ်သလို အမေရိကန်ရဲ့ ပစိဖိတ်ရေတပ်ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေဆဲပါ။ အဲဒီရေတပ်ရဲ့ အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီး တစင်းပေါ်ကို ဘီဘီစီသတင်းထောက် ဂျွန်နသန် ဟက်ဒ်ကို ဖိတ်ခေါ်ပြီး ပြင်သစ်နဲ့ ဂျပန်ရေတပ်တွေနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို လိုက်ပါ သတင်းယူခွင့်ပြုခဲ့ပါတယ်။ ကိုမိုးမြင့်က ပြန်ပြောပြမှာပါ။